


မြန်မာ့ဂုဏ် ၊ ဩဂုတ် ၁၈
ရှမ်းတိုင်းရင်းသားများ အဓိကနေထိုင်ရာနယ်မြေဒေသများအတွင်း လာရောက်အကြမ်းဖက်ကာ တိုက်ပွဲဆင်နွှနေတဲ့ MNDAA နှင့် TNLA အကြမ်းဖက်အဖွဲများကို ရှမ်းဒေသမှ အလိုမရှိကြောင်း တောင်ကြီးနဲ့လွိုင်လင်မြိုနယ်အတွင်းရှိ ဒေသခံများက သြဂုတ်လ ၁၉ ရက်နေ့ ဒီကနေ့မနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒဖော်ထုတ်သူရှမ်းတိုင်ရင်းသားဒေသခံများက “TNLA/MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲများ အလိုမရှိ၊ TNLA/MNDAA အကြမ်းဖက်အဖွဲများ ကျောက်မဲ၊ သီပေါ၊ သိန္နီ ဒေသတွေကနေ အမြန်းဆုံးထွက်သွား၊
ရှမ်းပြည်နယ်ငြိမ်းချမ်းရေးကိုထိခိုက်စေသည့် အကြမ်းဖက်မှုများအလိုမရှိ” စတဲ့ ကြွေးကြော်တောင်းဆိုမှုတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို သိရပါတယ်။
ယမန်နေ့ကလည်း ကွန်ဟိန်းမြိုနဲ့ မိုးနဲမြိုတွေမှာ ဒေသခံရှမ်းတိုင်းရင်းသားပြည်သူများစုပေါင်းပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ကာ TNLA/MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲများကို ဆန္ဒဖော်ထုတ်ခဲ့ကြပါသေးတယ်။