



မြန်မာ့ဂုဏ် ၊ ဩဂုတ် ၃၀
လာမယ့် ၂၀၂၅ ရွေးကောက်ပွဲမှာ နေပြည်တော်ကောင်စီ ၈ မြို့နယ်မှာ ၇ မြို့နယ်လောက် နိုင်ကိုနိုင်ရပါလိမ့်မယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ဒုဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းကပြောပါတယ်။
ဩဂုတ်လ ၃၀ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ( NDF) ပါတီဝင်များတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဒုဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက “နေပြည်တော်မှာ နိုင်ချင်ပါတယ် နေပြည်တော် ၈ မြို့နယ်မှာ ၇မြို့နယ်လောက် နိုင်ကိုနိုင်ရပါလိမ့်မယ်လို့ထင်ပါတယ် ဘာလို့လဲဆိုတော့ သာမန်အရပ်သားတွေလည်းရှိတာဖြစ်တဲ့အတွက် သူတို့ရဲ့ ခမောက်ပေါ်မှာယုံကြည်မှုရှိမယ်လို့ထင်ပါတယ်” လို့ ပြောပါတယ်။
ဒေါ်စန္ဒာမင်းဟာ ဥပဒေအရပျက်ပြယ်သွားတဲ့ NLDပါတီကနေ အမျိုးသားဒီမိုကရေစီအင်အားစု ( NDF) ပါတီကို ပြောင်းရွေ့ခဲ့သူဖြစ်ကာ ၂၀၂၁ နိုင်ငံရေးဖြစ်စဉ်တွေဖြစ်ပြီးနောက်ပိုင်း ပြည်ပကိုထွက်ပြေးမှုမရှိတဲ့ NLD ပါတီ ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ( NDF) ပါတီဟာ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတုန်းက NLD ပါတီကနေ ခွဲထွက်ကာ ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နေရာအချို့အနိုင်ရရှိကာ လွှတ်တော်ထဲမှာ NDF ပါတီက ကိုယ်စားလှယ်အချို့ နေရာရရှိခဲ့ပါတယ်။
#MyanmaGon #2025election #NDF