

မြန်မာ့ဂုဏ် ၊ ဩဂုတ် ၃၁
ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီ တို့ တရုတ်နိုင်ငံ တီရန်ကျင်းမြို့တွင် သီးသန့်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့သို့ အလုပ်သဘောခရီးစဉ် ရောက်ရှိနေတဲ့ ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီ တို့ဟာ သြဂုတ် ၃၁ ရက် ဒီကနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ တီရန်ကျင်းမြို့ရှိ Hotel Wanda Vista ၌ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ယာယီသမ္မတ ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီ တို့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၂၀၂၅ ခုနှစ် ဧပြီလအတွင်းက BIMSTEC အစည်းအဝေးမှာ နောက်ဆုံးတွေ့ဆုံဆွေးနွေးထားပါသေးတယ်။
အိန္ဒိယနှင့် မြန်မာအကြား အပြန်အလှန်ဆက်ဆံရေးများ အထူးသဖြင့် ဆက်သွယ်ဆောင်ရွက်မှု ၊ စွမ်းဆောင်ရည်တည်ဆောက်မှု၊ အခြေခံအဆောက် အအုံဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားကဏ္ဍများကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
(ဓါတ်ပုံမှာ ယခင်ပုံဟောင်းဖြစ်ပါတယ်)
Photo – CINCDS
#MyanmaGon #India #Myanmar