






ရွေးကောက်ပွဲမကျင်းပမည့် မဲဆန္ဒနယ်(၁၂၁)နယ်ရှိလာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာ လွတ်လပ်၍တ ရားမျှတသည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအားကျင်းပသွားမည်ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)မှ အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ် သည်။
ထိုသို့ ကျင်းပရာ၌ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်(၅၆) နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP) မဲဆန္ဒနယ်(၉)နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်(သို့)ပြည်နယ်လွှတ်တော်မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP) မဲဆန္ဒနယ်(၅၆)နယ်တို့တွင် ရွေး ကောက်ပွဲများ ကျင်းပခြင်းပြုမည်မဟုတ်ဟု UEC မှ ယနေ့ စက်တင်ဘာ ၁၄ ရက်က ကြေညာချက်အမှတ် (၁၀၃/၂၀၂၅)ဖြင့်ထုတ်ပြန်ကြေညာခဲ့သည်။
#Myanmagon