



မြန်မာ့ဂုဏ် ၊ စက်တင်ဘာ ၂၁
မြန်မာ့တပ်မတော်(ရေ) နဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ) တို့ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရန် စက်တင်ဘာလ (၁၄)ရက်နေ့မှ (၂၀)ရက်နေ့အထိ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်နေတဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်းဝင်းဟာ စက်တင်ဘာလ ၂၀ရက်နေ့က တရုတ်ချစ်ကြည်ရေးခရီးစဉ်မှ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။
ခရီးစဉ်အတွင်းမှာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်းဝင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပေကျင်းမြို့ရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ)ဌာနချုပ်မှာ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Cui Yuzhongပါဝင်တဲ့ အဆင့်မြင့်အရာရှိများနဲ့ တွေ့ဆုံကာ ရေတပ်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကိစ္စရပ်များနဲ့ပက်သက်ပြီး ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
#MyanmaGon