



မြန်မာ့ဂုဏ် စက်တင်ဘာ ၂၃
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်ဘဲစျေးအနီးတွင် ယနေ့ စက်တင်ဘာ ၂၃ ရက်နံနက်အစောပိုင်း ၄ နာရီကျော်ခန့်က Canter ကား(၃)စီးတိုက်မှုဖြစ် ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ရှင်သန်ရေးကူညီမှုအ သင်းတို့ထံမှ သိရပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ ကြက်ဘဲဈေးအနီးတွင် Canter ကား(၃) စီးတိုက်မိကာလူညပ်နေသဖြင့် မင်္ဂလာတောင်ညွန့်မြို့ နယ်မီးသတ်စခန်း၊ တာမွေမြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ ရှင်သန်ရေးကူညီမှုအသင်းဝင်များနှင့် မိတ်ဖက်လူမှုကူညီရေးအသင်းဝင်များက ကူညီကယ် ဆယ်မှုများပြုလုပ်ခဲ့ကြတယ်လို့ပြောပါတယ်။
ဖြစ်စဥ်ကြောင့် အမျိုးသား(၁)ဦးမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ(၄)ဦးအနက် အမျိုးသား(၁)ဦးမှာလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိချိန်တွင် ထပ်မံသေဆုံးသွားခဲ့ကြောင်း သိရပါတယ်။စိုးရိမ်ရနှင့် မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရသူများအား ရှင် သန်ရေးကူညီမှုအသင်း၊ တာမွေကွန်ယက်ပရဟိတအ သင်း၊ ကြက်ခြေနီအသင်းတို့မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရပါတယ်။
#Myanmagon