
မြန်မာ့ဂုဏ် စက်တင်ဘာ ၂၃
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိန္ဒိယ-မြန်မာ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်း အခြေစိုက်ရာ ဇိုခေါထာရ်ကျေးရွာမှာ CNO/CNDF ခေါင်းဆောင်တစ်ဦးကို M4 Carbine သေနတ် တစ်လက်နဲ့အတူ အာသံရိုင်ဖယ်တပ်က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၁)ရက်က ဇိုခေါထာရ်ကျေးရွာမှာ အာသံရိုင်ဖယ် နဲ့ မီဇိုရမ်ရဲတပ်ဖွဲ့တို့က သံသယရှိနေအိမ်တစ်အိမ်ကို ရှာဖွေစစ်ဆေးပြီး CNO/CNDF ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Robert Vanlalliana (ခေါ်) Salai Robert Van Lian Uk ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့ Robert Vanlalliana ခေါ် Salai Robert Van Lian Uk ဟာ CNO/CNDF ဗဟိုကော်မတီဝင် ခေါင်းဆောင်ပိုင်း တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
အာသံရိုင်ဖယ်တပ်က ၎င်းကို 5.56 mm M4AI Carbine သေနတ်တစ်လက်၊ ကျည်ဘောက်၊ ကျည်ဆံတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဥပဒေကြောင်းအရ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Myanmagon