
မြန်မာ့ဂုဏ် စက်တင်ဘာ ၂၃(မှုခင်း)
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး၌ စက်တင်ဘာလ ၂၀ ရက်နေ့က လိုင်စင်မဲ့ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီး အရေးယူထားကြောင်း သိရပါတယ်။
စက်တင်ဘာလ ၂၀ ရက်နေ့က မိုးကောင်းမြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ အောင်သာကျေးရွာနေ ကျော်ထွန်း(၃၄)နှစ် အားလည်းကောင်း၊ ကျိုက်မရောမြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ရန်မျိုးအောင်ရပ်ကွက်(၆)နေ အီစမိုင်(၅၇)နှစ်၊ ဘီးလင်းမြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ် လက်ဝယ် ထားစီးနင်းသူ ဇုတ်သုတ်ကျေးရွာနေ ဇော်မင်းဦး(၅၀)နှစ်၊ ကျိုက်ထိုမြို့နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်လက်ဝယ်ထားစီးနင်းသူ ပျဉ်းမစခန်းကျေးရွာနေ ခင်သစ်(၄၁)နှစ်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
ထို့အပြင် သံဖြူဇရပ်မြို့နယ် အတွင်း လိုင်စင်မဲ့ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ သံဖြူဇရပ်မြို့နယ်နေ ချမ်းသူ(၃၂)နှစ်တို့အား လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် ကျော်ထွန်းပါ ၅ ဦးအား သက်ဆိုင်ရာရဲစခန်းများ၌ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။
#Myanmagon