
မြန်မာ့ဂုဏ် ၊ စက်တင်ဘာ ၂၃
မကွေးတွင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အမည်ခံ အဖွဲ့ဝင်(၅)ဦး ဥပဒေဘောင်အတွင်းသို့ စက်တင်ဘာလ ၂၃ရက် ဒီကနေ့မှာ ထပ်မံအလင်းဝင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပြန်လည်ဝင်ရောက်လာတဲ့ PDF အဖွဲ့ဝင် (၅)ဦးကို မိဘများထံပြန်လည်အပ်နှံတဲ့အခမ်းအနားကို အကွေးမြို့ရှိ နယ်မြေခံတပ်ခမ်းမှာ ကျင်းပပြုလုပ်ခဲ့ပြီး ပြန်လည်ဝင်ရောက်လာသူ (၅)ဦးမှာ ရန်ကုန်မြို့ တောင်ဥက္ကာပ ၊ အရှေ့ဒဂုံ ၊ မြောက်ဥက္ကလာမနဲ့ မွန်ပြည်နယ် ဘီလင်းမြို့တို့မှ ဖြစ်ကာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြတဲ့ PDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင်များအား ဝန်ခံကတိလက်မှတ်ရေးထိုးပြီး မိဘများထံပြန်လည် အပ်နှံခဲ့တယ်လို့ သိရပါတယ်။
#MyanmaGon #PDF