






မြန်မာ့ဂုဏ် စက်တင်ဘာ ၂၅
ရုရှားနိုင်ငံကို အလုပ်သဘောခရီး ရောက်ရှိနေတဲ့ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စက်တင်ဘာ ၂၅ ရက်၊ ဒေသစံတော်ချိန် မနက်ပိုင်းက မော်စကို မြို့ရှိ Radission Collection ဟိုတယ်မှာ ကျင်းပတဲ့ လူငယ် နှင့် အနာဂတ်မြန်မာ “သိပ္ပံ နှင့် နည်းပညာ” အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်ပါတယ်။
အလုပ်ရုံဆွေးနွေးပွဲကိုတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့အတူ ခရီးစဉ်မှာ အတူလိုက်ပါလာကြတဲ့ နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင် အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ စွမ်း အင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို လွင်၊ သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမျိုးအောင်၊ ဒုတိယဝန်ကြီးတွေ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ တပ်မ တော် အရာရှိ ကြီးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ပါတယ်။
အလုပ်ရုံ ဆွေးနွေးပွဲ မစတင်မီ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ကိုယ်စားလှယ်အဖွဲ့က ပိုစတာတင်ပြချက်တွေကို လိုက်လံကြည့်ရှု အားပေးပါတယ်။အဲဒီနောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အဖွင့်အမှာစကား ပြောကြားပါတယ်။အဲဒီနောက်မှာတော့ ရုရှားနိုင်ငံ အရပ်ဘက်တက္ကသိုလ်အသီးသီးမှာ ပညာသင်ကြားနေတဲ့ D.Sc. ၊ Ph.D ပညာတော်သင် အရာရှိ ခြောက်ယောက်က သက်ဆိုင်ရာ ကဏ္ဍတွေအလိုက် တင်ပြဆွေးနွေးပါတယ်။ဆက်လက်ပြီး နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ် အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။
#Myanmagon