မြန်မာ့ဂုဏ် စက်တင်ဘာ ၂၅
ရုရှားနိုင်ငံ၊ မော်စကိုမြိုတွင် ယနေ့ စက်တင်ဘာ ၂၅ ရက် ဒေသစံတော်ချိန် နေ့လယ် ၃ နာရီက ကမ္ဘာ့အဏုမြူသတင်းပတ်ဖိုရမ်၏ “နည်းပညာသစ်မွေးဖွားခြင်းမှ ကမ္ဘာသစ်အမြင်ဆီသို”ခေါင်းစဥ်ဖြင့် မျက်နှာစုံညီထိပ်သီးအစည်းအ ဝေးကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေး၌ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ရုရှားနိုင်ငံပိုင် နျူကလီးယား ကော်ပိုရေးရှင်း Rosatom (ရိုစ်အက်တမ်)သည် ပြည်တွင်းနျူကလီယား စက်မှုလုပ်ငန်း၏ နှစ်(၈၀) ပြည့် အထိမ်းအမှတ်အဖြစ် နျူကလီးယားနည်းပညာ၏ ငြိမ်းချမ်းရေးဆိုင်ရာ အသုံးဝင်မှုများကို ကမ္ဘာ့တစ်ဝန်း မြှင့်တင်ရန် ရည်ရွယ်ပြီး World Atomic Week 2025 ကို စက်တင်ဘာ ၂၅ ရက်ကနေ ၂၈ ရက်ထိ ရုရှားနိုင်ငံ၊ မော်စကိုမြို ၊ VDNKH ပြပွဲကျင်းပရေးစင်တာမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
Myanmagon




