မြန်မာ့ဂုဏ် စက်တင်ဘာ ၂၅
ရုရှားနိုင်ငံ ၊ မော်စကိုမြိုမှာ အလုပ်သဘောခရီး ရောက်ရှိနေတဲ့ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံက တစ်ဆင့် ကာဇက်စတန်နိုင်ငံကို မကြာမီ ရက်ပိုင်းမှာ တရားဝင် အလုပ်သဘောခရီး သွားရောက်မှာ ဖြစ်တယ်လို သိရပါတယ်။
ခရီးစဉ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဟာ ကာဇက်စတန်နိုင်ငံသမ္မတ အပါအဝင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးတာ စက်ရုံ၊ အလုပ်ရုံတွေနဲ့ အထင် ကရနေရာတွေကို သွားရောက်လေ့လာတာတွေ ဆောင်ရွက်မှာဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာတွေကို ဆွေးနွေးသွားမှာဖြစ်တယ်လို သိရပါတယ်။
#Myanmagon
