


မြန်မာ့ဂုဏ် စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန်းချောင်းရေ မြင့်တက်ကာ
အောက်စက်တော်ရာဘုရားအတွင်း ရေများ၀င်ရောက်လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ယနေ့ စက်တင်ဘာ (၂၅) ရက် ၊ နံနက်အစောပိုင်းတွင် အသိပေးထားပါတယ်။
ရေများဝင်ရောက်နေခြင်းကြောင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနက အသိပေးထားပါတယ်။
လက်ရှိတွင် ရွှေစက်တော်ဘုရားအနီးရှိ မန်းချောင်းဘေးတလျှောက်မှနေအိမ်များကို ရွှေစက်တော်နယ်မြေ မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များကကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်းသိရပါတယ်။
အလားတူ မိုးများမှုကြောင့် မင်းဘူး-စကု ကားလမ်းပေါ်တွ င် ရေကျော်ပြီး လမ်းပိတ်နေသည့်အတွက် စကုနယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ခရီးသွားများသွားလာရလွယ်ကူစေရန်အတွက် ကူညီပေးလျက်ရှိကြောင်းလည်း သိရပါတယ်။
#Myanmagon