




မြန်မာ့ဂုဏ် စက်တင်ဘာ ၂၆
ရုရှားနိုင်ငံသိုရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၂၆ ရက်က ရုရှားနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် Mr. Anton Kobyakov အား Radission Collection ဟိုတယ်၌လက်ခံတွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံစဥ် ယာယီသမ္မတမှ မကြာမီကာလအတွင်း မြန်မာနိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအားကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှုနှင့် ရွေးကောက်ပွဲပြီးပါက ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲအပ်သွားမည်ဖြစ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင်ကျင်းပမည့် ရွေးကောက်ပွဲအပေါ် ရုရှားနိုင်ငံအပါအဝင် နိုင်ငံတကာမှအသိအမှတ်ပြုအားပေးထောက်ခံလျက်ရှိသည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပြီးနှစ်နိုင်ငံအမှတ်တရလက်ဆောင်များအပြန်အလှန်ပေးအပ်ကြပါတယ်။
#Myanmagon