







မြန်မာ့ဂုဏ် စက်တင်ဘာ ၂၈
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ နှလုံးရောဂါပညာရှင်များအဖွဲ့ (Myanmar Cardiac Society) မှ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day)အထိမ်းအမှတ် နှလုံးနှင့်သွေးကြောရောဂါဆိုင်ရာဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို စက်တင်ဘာလ(၂၈)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး အောင်သုခဆေးကုသဆောင်၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း သွားရောက် ကြည့်ရှု့ အားပေးခဲ့ပါတယ်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပဲခူး ဆေးရုံအုပ်ကြီးဒေါက်တာဇော်လွင်၊ မြို့မိမြို့ဖများနှင့်အတူ နှလုံးနှင့်သွေးကြောရောဂါ လာရောက်ပြသကြ သည့် လူနာများအား လိုက်လံကြည့်ရှု့ကြပြီး အားပေးစကားများပြောကြားကာ ဆေးဝါးပြည့်စုံလုံလောက် စွာ ပေးနိုင်ရေး ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံပြသလာကြသည့် နှလုံးရောဂါလူနာ (၁၀၀၀) ဦးကျော်အား နေ့လည်စာ ကျွေးမွေးခဲ့ပါတယ်။
အဆိုပါ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day)အထိမ်းအမှတ် နှလုံးနှင့်သွေးကြော ရောဂါဆိုင်ရာဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၆)ခရိုင်၊ မြို့နယ်(၂၈)မြို့နယ်မှ နှလုံးရောဂါလူနာပေါင်း(၁၀၀၀)ကျော်အား တပ်မတော်စစ်ဆေးရုံမှ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများ၊ ရန်ကုန်ပြည့်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် ကန်သာယာဆေးရုံတို့မှ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် မြန်မာနိုင်ငံနှလုံးရောဂါပညာရှင်များအဖွဲ့ (Myanmar Cardiac Society) မှ ပါမောက္ခ ဒေါက်တာနွယ်နွယ် ဦးဆောင်ပြီး နှလုံးရောဂါအထူးကုဆရာဝန်ကြီး(၃၃)ဦးက လာရောက်စမ်းသပ်ကုသ ပေးကြခြင်းဖြစ်ကြောင်း သိရှိရပါတယ်။
#Myanmagon