






မြန်မာ့ဂုဏ် စက်တင်ဘာ – ၂၈
ကာဇတ်စတန်နိုင်ငံသမ္မတ H.E.Mr. Kassym-Jomart Tokayev ၏ ဖိတ်ကြားချက်အရ ကာဇတ်စတန်နိုင်ငံ၊ အက်စတာနာမြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါ လာသည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသား ပြန် လည်သင့်မြတ် ရေးနှင့်ငြိမ်းချမ်းရေးနန်းတော်နှင့် အမျိုးသားပြတိုက်တို့သို့ သွားရောက် ကြည့်ရှုလေ့လာပါတယ်။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးနန်းတော်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြပြီးအမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေးနန်းတော်မှ တာဝန်ရှိသူများက ဧည့်ခန်းမ ဆောင်တွင်တွေ့ဆုံ၍ ကာဇက်စတန် နိုင်ငံ၏ သမိုင်းကြောင်းဆိုင်ရာနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး နန်းတော်ဆိုင်ရာများ၊ ကာဇက်စတန်နိုင်ငံတွင်လူမျိုးပေါင်း ၃၀၀ ကျော်ရှိပြီး လူမျိုးစု များအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရန်လိုအပ်သည့်အတွက် အမျိုးသားပြန် လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး နန်းတော်ကို တည်ဆောက်ခဲ့မှုနှင့် အမျိုးသားရေး ညီလာခံကို နှစ်စဉ်လက်ခံကျင်းပဆောင်ရွက်လျက်ရှိမှု၊ လူမျိုးစုများအချင်းချင်း ချစ် ကြည်မှုနှင့်နားလည်မှုရှိအောင်ဆောင်ရွက်သွားရန်လိုအပ်မှု၊ ကာဇက်စတန်နိုင်ငံ ရှိဘာသာရေးဆိုင်ရာခေါင်းဆောင်များအစည်းအဝေးကိုလည်း လက်ခံကျင်းပခဲ့မှုနှင့် နန်းတော်အတွင်း ငြိမ်းချမ်း ရေးနှင့် ဘာသာရေးဆိုင်ရာအခမ်းအနားများ ကျင်းပပြုလုပ် ခဲ့မှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပါတယ်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ မြန်မာနိုင်ငံသည်လည်း တိုင်းရင်းသား လူမျိုးများ အတူတကွစုပေါင်းနေထိုင်လျက်ရှိသည့် ပြည်ထောင် စုနိုင်ငံဖြစ်ပြီး ငြိမ်းချမ်း စွာအတူယှဉ်တွဲနေထိုင်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကြိုးပမ်းဆောင် ရွက်လျက်ရှိသည့်အခြေအနေများအား ပြန်လည်ဆွေးနွေးပြောကြားပြီး ကာဇက်စတန် နိုင်ငံဆိုင်ရာများ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်ဆိုင်ရာ များနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ပါတယ်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အမျိုးသားပြတိုက်သို့ ရောက်ရှိကြရာ ပြတိုက်မှ အထွေထွေရေးရာ ဒုတိယညွှန်ကြားရေးမှူး Mr. Sairan Temirgalievich နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပါတယ်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များသည် အမျိုးသားပြတိုက်အတွင်း လှည့်လည်၍ ကာဇက်စတန်လူမျိုးနှင့်နိုင်ငံတို့၏ သမိုင်းကြောင်း နောက်ခံ အကြောင်းအရာများ၊ အဆင့်ဆင့်ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုများ၊ ရိုးရာဓလေ့ထုံးတမ်းစဉ်လာဆိုင်ရာများ၊ ဖွံ့ဖြိုးတိုးတက်မှုများကို လှည့်လည်ကြည့်ရှုကြလေ့လာကြပြီး တာဝန်ရှိသူများ၏ ရှင်း လင်းပြောကြားမှုများအ ပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးပါတယ်။အဆိုပါ ကာဇက်စတန်နိုင်ငံအမျိုးသားပြတိုက်သည် အာရှအလယ်ပိုင်းတွင် အကြီးမားဆုံးနှင့် အဆန်းသစ်ဆုံးပြ တိုက်တစ်ခုဖြစ်ကာ ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့် လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြတိုက်တွင် ခန်းမ ၁၁ ခုပါဝင်ပြီး အဆို ပါ ခန်းမများတွင် ယခင် ခေတ်မှ ယခုအချိန်ထိ ဖြစ်ပေါ်ခဲ့သော ကာဇက်စတန်နိုင်ငံ၏သမိုင်းကြောင်းနှင့် ယဉ် ကျေးမှုများစွာကို ပုံဖော်ပြသထားကြောင်း၊ အမျိုးသားပြတိုက်အား အပတ်စဉ် တနင်္လာနေ့တိုင်းပိတ်၍ အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ ၁၀၀၀ နာရီမှ ၁၈၀၀ နာရီအထိဖွင့်လှစ်ထားရှိကြောင်း၊ လာရောက်လေ့လာ ကြသူများအ နေဖြင့် ကာဇက်စတန်နိုင်ငံ ၏ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းများကိုသိရှိနိုင်ရန်အတွက် ကာဇက်စတန်ဘာသာ စကား၊ ရုရှားဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကားများဖြင့် ရေးသားဖော်ပြထား သည်ကို တွေ့ရှိရပါတယ်။ပြတိုက်အတွင်း ပြကွက်တစ်ခုချင်းစီအလိုက် လေ့လာကြည့်ရှုမှုအပြီးတွင် အက်စတာနာမြို့ဆိုင်ရာပြခန်း၌ မြို့ပြစီမံ အုပ်ချုပ်ရေးအဖွဲ့မှ Mr. Smogulov Nurasyl က ယခင်ကမြို့တော်ဖြစ်သည့် အာမာတီမြို့မှ ယခု အက်စတာနာမြို့နေရာသို့ မြို့ပြ အခြေခံအကွက်ချပုံစနစ်တကျရေးဆွဲ၍ ၂၀၀၀ ခုနှစ် ဇွန်လ ၆ ရက်နေ့ကစပြီး တည် ဆောက်ခဲ့မှု၊ စတင်ဆောင်ရွက်ခဲ့စဉ်က လူဦးရေ ၈ သိန်းခန့်အထိနေထိုင်နိုင်ရေး အခြေ ခံ အဆောက် အဦများ၊ လမ်းပန်းဆက်သွယ်မှုများနှင့် အခြားလိုအပ်ချက်များကို ထည့်သွင်းတွက်ချက်ဆောင်ရွက်ခဲ့သော် လည်း နောက်ပိုင်းတွင် တိုးတက်လာသော လူဦးရေ နှင့်အညီ ထပ်မံတိုးချဲ့ဆောင်ရွက်လျက်ရှိမှု၊ ခေတ်မီနည်း စနစ်များဖြင့် မြို့ပြအား ဆက် လက်ထိန်းသိမ်းဆောင်ရွက်လျက်ရှိမှု တို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ က သိရှိလိုသည်များ ပြန် လည်မေးမြန်းဆွေးနွေးပါတယ်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် ပြတိုက် မှ အထွေထွေရေးရာ ဒုတိယညွှန်ကြားရေးမှူး Mr. Sairan Temirgalievich မြို့ပြစီမံအုပ်ချုပ်ရေးအဖွဲ့မှ Mr. Smogulov Nurasylo သည် အမှတ်တရလက်ဆောင်ပစ္စည်းအပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သိရပါတယ်။
#Myanmagon