



မြန်မာ့ဂုဏ် စက်တင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်းက ရှေးဟောင်းသမိုင်းဝင်ရွှေမော်ဓော စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်ရှိ ဂေါပကရုံးသို့ ရောက်ရှိခဲ့ပြီး ရွှေမော်ဓောစေတီမြတ်ကြီး ကိုယ်လုံး တော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး၊ စေတီတော်မြတ်ကြီး ငလျင်ဒဏ်အပါအဝင် သဘာဝဘေးအန္တရာယ် များကြောင့် ထိခိုက်မှုမရှိစေရေး စေတီတော်မြတ်ကြီး၏ ကိုယ်လုံးတော်အတွင်း၌ ကြံ့ခိုင်ရေးပြန်လည် ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။
၎င်းနောက် ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုများ၏ ကောင်းမှုဖြင့် နေပူခံ စကျင်ပြားကပ်လှူခြင်း၊ ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နိုင်ရေး ရင်ပြင်တော် ပေါ်ရှိ ဓမ္မာရုံများပြန်လည်ပြင်ဆင်နေမှုနှင့် ဘက်စုံပြုပြင်မွမ်းမံနေမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါတယ်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင်ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဉ်ရပ်နားဝန်း၌ MSMEs လယ်ယာသုံးစက်ကိရိယာ ပစ္စည်းထုတ်ကုန်များ ပြပွဲ/ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအား သွာရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရပါတယ်။
Myanmagon