





မြန်မာ့ဂုဏ် အောက်တိုဘာ – ၁၀
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာ-ကိုရီးယားနှစ်နိုင်ငံချစ်ကြည်ရေး(ဒလ) တံတား ကွန်ကရစ်သွန်းလောင်း တံတားဆက်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် ဗိုလ်ချုပ်မှူးကြီး အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး Controller အသုံးပြု၍ ကွန်ကရစ်လောင်း တံတားဆက်ခြင်းအား ဆောင်ရွက်ပေးပါတယ်။
အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒေါက်တာ ချာလီသန်းနှင့် ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများတက်ရောက်ကြပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကွန်ကရစ်သွန်းလောင်း တံတားဆက်ခြင်း မဟာမင်္ဂလာအခမ်းအနား ပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ ပြည်ထောင်စုဝန်ကြီးများနှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်က မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြပါတယ်။
အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ အခမ်းအနားမှူးက မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး(ဒလ)တံတားနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတားတည် ဆောက်ရေးစီမံကိန်းတွင် ပါဝင်ခဲ့သည့် အင်ဂျင်နီယာအဖွဲ့များအား သစ်သီးခြင်းလက် ဆောင်များပေးအပ်ပါတယ်။
ထို့နောက် မင်္ဂလာအချိန်တွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတားဆက်ခြင်း မဟာမင်္ဂလာအခမ်းအနားကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး Controlla အသုံးပြု၍ ကွန်ကရစ်သွန်းလောင်းတံတားဆက်ခြင်းကို ဆောင်ရွက်ပေးပါတယ်။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကွန်ကရစ်သွန်းလောင်း တံတားဆက်ထားသည့် နေရာအား အမွေးနံ့သာရည်များပက်ဖြန်းပေးကြပြီးနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ)တံတား ကွန်ကရစ်သွန်းလောင်းတံတားဆက်ခြင်းအထိမ်းအမှတ် စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြကာအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပြီးနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ)တံတား တည်ဆောက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
#Myanmagon