




မြန်မာ့ဂုဏ် အောက်တိုဘာ ၁၁
ရုရှား-မြန်မာ-ဘယ်လာရုစ် သုံးနိုင်ငံ ပူးပေါင်းဖျော်ဖြေတင်ဆက်ပွဲကို ယနေ့ ညပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပါတယ်။
အဆိုပါဖျော်ဖြေပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr.Alexander Ostrovskiy နှင့် တာဝန်ရှိသူများ၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ အနုပညာရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အနုပညာဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေး ကြပါတယ်။
“ယဉ်ကျေးမှုဖလှယ်မှုမှသည် ချစ်ကြည်ရင်းနှီးမှုများဆီသို့” Video Clip ကို ဖွင့်လှစ် ပြသပြီး ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ က မိတ်ဆက်စကား ပြောကြားကာ ဘယ်လာရုစ်နိုင်ငံမှ အနုပညာရှင်များနှင့် မိတ်ဆက်ပေးပါတယ်။
မြန်မာ-ရုရှား-ဘယ်လာရုစ် သုံးနိုင်ငံအပြန်အလှန် တေးသီချင်းများ၊တေးသရုပ်ဖော်များတင်ဆက်ဖျော်ဖြေပြီးနောက်ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်း ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရန်ကုန်မြို့တော်ဝန်တို့အား ဘယ်လာရုစ်တေးဂီတ အဖွဲ့ခေါင်းဆောင်က ဂုဏ်ပြု လက်ဆောင်ပေးအပ်ခဲ့ ပါတယ်။
#Myanmagon