
မြန်မာ့ဂုဏ် အောက်တိုဘာ ၁၉
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့်MMAGတို့ ပူးပေါင်းစီစဉ်သည့် Myanmar Fightမျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများကို ယနေ့မွန်းလွဲ၁နာရီကရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်သိမ်ဖြူအားကစားရုံ၌တွဲဆိုင်း(၁၀)ဆိုင်းကျင်းပခဲ့ပါတယ်။
အဆိုပါပြိုင်ပွဲတွင်သုံးချီပြိုင်ပွဲများ၌၄ပွဲသရေ၆ပွဲအရှုံးအနိုင်ပေါ်ခဲ့တယ်လို့ပြောပါတယ်။ပြိုင်ပွဲများအပြီးအကောင်းဆုံးကစားသမားဆု၊လက်ဝှေ့ရေးပြအကောင်းဆုံးဆုကိုဆလိုင်းခရစ် ( YMA)ကရရှိပြီးမြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှCEOနှင့်ပဲခူးတိုင်ဒေသကြီးရိုးရာလက်ဝှေ့ဆပ်ကော်မတဥက္ကဌတို့ကဆုများချီးမြှင့်ခဲ့ကြောင်းသိရပါတယ်။
#Myanmagon