
မြန်မာ့ဂုဏ် အောက်တိုဘာ ၂၅
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ (၁၇)ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲကိုယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် ခုတင် (၁၀၀၀) အထွေထွေရောဂါကုဆေးရုံကြီး၌ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနမှဝန်ထမ်းများနှင့် စေတနာရှင်သွေးလှူရှင် စုစုပေါင်း ၄၃ ဦးတို့ ပါဝင်လှူဒါန်းကြပါတယ်။
အဆိုပါ သွေးလှူဒါန်းမှုကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယ ဝန်ကြီးများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများကိုပေးအပ်ကြတယ်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက သွေးလှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာကိုပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ (၁၇)ကြိမ်မြောက် စုပေါင်းသွေးလှူပွဲကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ထားဝယ်၊ မကွေး၊ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံနှင့် ပုသိမ်မြို့တို့ရှိ ဆေးရုံများနှင့် သွေးဌာန များတွင် တစ်ပြိုင်တည်း ကျင်းပရာ စုစုပေါင်း ၃၄၅ ဦး ပါဝင်လှူဒါန်းခဲ့ပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၂၀၁၇ ခုနှစ်မှစတင်၍ စုပေါင်းသွေးလှူပွဲများ ဆောင်ရွက်ခဲ့ရ ယခုအခါ (၁၇)ကြိမ်တိုင် ရှိခဲ့ပြီဖြစ်ပြီး သွေးလှူရှင် စုစုပေါင်းတစ်သောင်းခန့် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
#Myanmagon