

မြန်မာ့ဂုဏ် နိုဝင်ဘာ ၆
မြန်မာအစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများကြား လူသားချင်းစာနာမှုအကူအညီပေးရေးနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏အကြီးအကဲ Mr. Justin Brady တို့ ယမန်နေ့ နိုဝင်ဘာ ၅ ရက်ကတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံစဉ် အကူအညီလိုအပ်သည့် ပြည်သူများထံသို့ လူသားချင်းစာနာမှုအကူအညီများပေးအပ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးရေး၊ မြန်မာအစိုးရနှင့် ကုလသမဂ္ဂ အေဂျင်စီများကြား လူသားချင်းစာနာမှုအကူအညီပေးရေးနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြပါတယ်။
#Myanmagon