























မြန်မာ့ဂုဏ် နိုဝင်ဘာ ၁၂
ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တစ်တိုင်းပြည်လုံးမှတိုင်းရင်းသားပေါင်းစုံ ရှိတဲ့အတွက် အပြုသဘော မဆောင်ချင်နေပါစေ၊ အပျက်သဘောမဆောင်စေချင်ဘူးလိုပျော်ဘွယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးသောင်းအေးကပြောပါတယ်။
တိုင်းရင်းသားပေါင်းစုံ ရှိတဲ့အတွက် အားလုံးက ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ပဲ သွားရမယ်။ ကျွန်တော်ပြောချင်တာကတော့ အပြုသဘော မဆောင်ချင်နေပါစေ၊ အပျက်သဘောမဆောင်စေချင်ဘူး။ သူများတွေ လုပ်ကိုင်နေတာတွေကို လက်ခုပ်မတီးချင်နေပါစေ၊ လက်နဲ့တော့သွားပြီး မတားကြစေချင်ဘူး။ ဒါမှသာ တိုင်းပြည်ဟာ တိုးတက်မှာ၊ ဖွံ့ဖြိုးမှာ။ အဲ့တော့ အချင်းချင်း ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် တကယ့် အခွင့်အရေးကောင်းတွေကို ရအောင်ရှာပြီးတော့ ကိုယ်စားလှယ်ကောင်းတွေကို တကယ်ပဲ ရွေးကြပါ” ဟု ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က ပြောကြားသည်။
နိုင်ငံတော်က ကြိုးစားဆောင်ရွက်နေတဲ့အထွေထွေရွေးကောက်ပွဲကို အောင်မြင်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က ပြောပါတယ်။
ဆက်ပြီးတော့ “ဘယ်သူတွေ ဘာပဲဖြစ်နေဖြစ်နေကိုယ်ကောင်းဖို့လိုတယ်။ ကိုယ့်ကိုကိုယ် ကောင်းအောင် တည်ဆောက်ရမှာဖြစ်တယ်။ ကိုယ်ကောင်းမှ ကိုယ်ကောင်းမယ်။ ကိုယ်ကောင်းမှ သူများကောင်းမယ်။ သူများကောင်းမှ အများကောင်းမယ်။ အများကောင်းမှ အားလုံးကောင်းမယ်။ ဒါကြောင့်မလို့ အရေးကြီးတာက ဘယ်သူ့ကိုယ်မှ ဘာမှအပြစ်တင် ပြောမနေနဲ့။ ငါတို့သည် ရွေးကောင်ပွဲကြီး အောင်မြင်အောင် ငါတို့ဝိုင်းဝန်းဆောင်ရွက်ကြမယ်ဆိုပြီးတော့ ကိုယ့်ကိုကိုယ် ကောင်းမြတ်မှန်ကန်တဲ့ စိတ်ဓာတ်တွေနဲ့ ကောင်းမြတ်မှန်ကန်တဲ့ တကယ့်စေတနာစိတ်ထားနဲ့ ရွေးကောက်ပွဲကြီးကို ဝိုင်းဝန်း အားပေးနိုင်ကြပါစေ။ မှန်ကန်တော်တဲ့တယ့် ကိုယ်စားလှယ်တွေကို ပေးဖို့အတွက် သေသေချာချာ တိတိကျကျ ရွေးချယ်ပေးနိုင်ကြပါစေ။ ဒီရွေးချယ်မှုရလဒ်ကနေ အဲ့ဒီ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အားလုံးကို ပြည့်စုံကုံလုံစွာ တည်ဆောက်ပြီးတော့ လာမယ့်အနာဂတ်မှာ ပိုမိုခိုင်မာတဲ့ မြန်မာပြည်ကြီးဖြစ်အောင် ဝိုင်းဝန်းတည်ဆောက်ပေးကြပါလို့ ပြောကြားလိုပါတယ်” ဟု ပြောပါတယ်။
#Myanmagon