






























မြန်မာ့ဂုဏ် နိုဝင်ဘာ ၂၂
ပြည်ခိုင်ဖြိုးပါတီက ပြည်သူတွေအတွက် ရေးဆွဲထားတဲ့ ကတိကဝတ်လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်နိုင်တဲ့လူတွေကိုပဲ ကိုယ်စားလှယ်အဖြစ်နဲ့ ရွေးထားတယ်လို့ ပါတီအထွေထွေအတွင်းရေးမှူး ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က ဆိုသည်။
“ ကျွန်တော်တို့ ချမှတ်ထားတဲ့ ပြည်သူတွေအတွက် ရေးဆွဲထားတဲ့ ကတိကဝတ်လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နိုင်ဖို့၊ ဖော်နိုင်တဲ့လူတွေကိုပဲ ကိုယ်စားလှယ်အဖြစ်နဲ့ ရွေးထားတယ်လို့ ကျွန်တော်တို့ ပြောချင်တာ။
ဒီကိုယ်စားလှယ်တွေဟာ သာမန်မဟုတ်ဘူး။ တိုင်းနဲ့ပြည်နယ်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ အကုန်လုံးမှာ အဲ့ဒီလို စံထားပြီးတော့ ရွေးထားတာဖြစ်တယ်လို့ ကျွန်တော် မိဘပြည်သူတွေကို အသိပေးချင်တယ်။
ဒီကိုယ်စားလှယ်တွေကို ယုံယုံကြည်ကြည် တာဝန်ပေးအပ်နိုင်တယ်။ သံသယရှိစရာ မလိုဘူး” လို့ ပြည်ခိုင်ဖြိုးပါတီအထွေထွေအတွင်းရေးမှူး ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က ပြောပါတယ်။
ဒီကနေ့ ပျော်ဘွယ်မြို့နယ်ရှိ ကျေးရွာများ၌ မဲဆန္ဒရှင်ပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က အထက်ပါအတိုင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုးပါတီက သတ်မှတ်ပြဌာန်းထားတဲ့ ကတိကဝတ် လုပ်ငန်းစဉ်တွေကို လုပ်နိုင်ဖို့အတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာ သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်တဲ့ ပညာရှင်တွေကို အဆင့်ဆင့် ရွေးချယ်စိစစ်ဆောင်ရွက်ခဲ့တယ်လို့ ဦးသောင်းအေး က ပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲကြေညာစာတမ်းအတွက် လွန်ခဲ့သော ငါးနှစ်ကတည်းက ပညာရှင်တွေ၊ တတ်သိပညာရှင်များဖြင့် ပါတီအတွင်း အစည်းအဝေးများ ပြုလုပ်၍ ရေးဆွဲခဲ့ခြင်းဖြစ်တယ်လို့ ဦးသောင်းအေးက ပြောပါတယ်။
ဦးသောင်းအေး က “ ခင်ဗျားတို့ ကြေညာစာတမ်းကြီးက ဟုတ်ပြီ။ အဲ့တာကို ဘယ်သူက အကောင်အထည် ဖော်မှာလဲ။ နိုင်ငံခြားသားတွေခေါ်ပြီး အကောင်အထည်ဖော်မှာလား။ ဘာလား၊ ညာလား၊ လားစရာရှိတယ်။
ကျွန်တော်တို့က အဲ့လိုမဟုတ်ဘူး” လို့ ပြောပါတယ်။ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်အသီးသီးအတွက် ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ နိုင်ငံတော်ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်နိုင်ဖို့အတွက် အရည်အချင်းရှိတဲ့ သူတွေဖြစ်တယ်လို့ ဦးသောင်းအေးက ပြောပါတယ်။
#Myanmagon