






























ကလောမြို့နယ်သူ မြို့နယ်သားတွေ ကလောမြို့ကိုချစ်တဲ့သူတွေ ပြည်ခိုင်ဖြိုးပါတီကို မဲပေးဖို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဒေါက်တာနန္ဒာလှမြင့်က တောင်းဆို
မြန်မာ့ဂုဏ် နိုဝင်ဘာ ၂၃
ကလောမြို့နယ်သူ မြို့နယ်သားတွေ ကလောကိုချစ်တဲ့သူတွေ ကျွန်တော်နဲ့အတူ လက်တွဲပြီးတော့မှ ပြည်ခိုင်ဖြိုးပါတီကို ယုံယုံကြည်ကြည် မဲပေးပါလို့ ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဒေါက်တာနန္ဒာလှမြင့်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
“ကျွန်တော်တို့ မိဘပြည်သူတွေ အနေနဲ့ မိမိ အားကိုးရမယ့် ကိုယ်စားလှယ်နဲ့ မိမိ အားကိုးရမယ့်ပါတီကို ပြန်လည်ရွေးချယ်ရတော့မယ့် အချိန်အခါ ကျရောက်လာပြီပဲ ဖြစ်ပါတယ်။ဒီနေရာမှာ ကျွန်တော်အနေနဲ့ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ကျွန်တော်ရဲ့ ညီအကိုမောင်နှမတွေကို ပြောရရင် ပြည်ခိုင်ဖြိုးပါတီကို မဲပေးပါလို့ ကျွန်တော် တည့်တည့်ပဲ ပြောချင်ပါတယ်” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
ဒီကနေ့ ကလောမြို့မှာရှိတဲ့ မောမြေဦးပန်းခြံဝန်းထဲမှာ မဲဆန္ဒရှင်တွေနဲ့တွေ့ဆုံဆွေးနွေးချိန်မှာ အထက်ပါအတိုင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒေါက်တာနန္ဒာလှမြင့်က ဆက်ပြီတော့”ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ကလောသားဖြစ်ပါတယ်၊။ ဒီထဲမှာ ထိုင်နေတဲ့သူ အားလုံးကလည်း ကလောမြို့နယ်သူ မြို့နယ်သားတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဆွေမျိုးသားချင်း ညီအကိုမောင်နှမတွေပဲ ဖြစ်ပါတယ်။ ဒီလူမျိုးတွေရဲ့ ကောင်းရာကောင်းကျိုး တိုးတက်ရာတိုးတက်ကြောင်း တွေကိုပဲ ကျွန်တော်တို့ တစ်စိုက်မတ်မတ်လုပ်ခဲ့တာ ဖြစ်တဲ့အတွက် ကျွန်တော်က ကျွန်တော်နဲ့အတူ ကလောမြို့နယ်ကြီးတစ်ခုလုံး၊ ကလောမြို့နယ်အတွင်းမှာ နေထိုင်နေတဲ့ အခုအောက်မှာရှိနေတဲ့ ဓနု၊ ပလောင်၊ တောင်ရိုး၊ ပအိုးဝ်၊ ဗမာ တိုင်းရင်းသားအားလုံး တပြေးညီ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့အတွက် ကလောမြို့နယ်သူ မြို့နယ်သားတွေ ကလောကိုချစ်တဲ့ ကျွန်တော်နဲ့အတူ လက်တွဲပြီးတော့မှ ပြည်ခိုင်ဖြိုးပါတီကို ယုံယုံကြည်ကြည် မဲပေး ပေးပါလို့ တိုက်တွန်းတောင်းဆိုအပ်ပါတယ်” လို့ပြောပါတယ်။
“ကလောမြို့နယ် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကျွန်တော် ကြိုးစားထမ်းဆောင်မယ်လို့”ကတိပေးပြောဆိုခဲ့ပါတယ်။
ကလောမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာနန္ဒာလှမြင့် ၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဒေါက်တာကျော်ထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်ထွန်းဖြူ(FPTP)စနစ်နဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နဒီစိုး(PR)စနစ်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
#Myanmagon