

























ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဇော်သိမ်း ပေါက်ခေါင်းမြို့နယ်ပါတီစည်းရုံးရေးမှူးးများနှင့်တွေ့ဆုံ
မြန်မာ့ဂုဏ် ဒီဇင်ဘာ ၁
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ၊ ပေါက်ခေါင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဇော်သိမ်းသည် ပေါက်ခေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းထူးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးမြင့်သူတို့နှင့်အတူ ၂၀၂၅ခုနှစ်၊ နိုတင်ဘာလ ၃၀ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ် အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူးများနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စများ ဆွေးနွေးခဲ့ပါတယ်။
ဒုတိယဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းပါ ဒေသနှင့်အကျုံးဝင်ကိုက်ညီသည့်အချက်များအား ပြည်သူလူထု သိရှိနိုင်ရေး၊ ပြည်သူများမဲပေးနိုင်ရန် မဲစာရင်းများပါရှိရေးစသည့် ဒေသအတွင်း စည်းရုံးရေးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မဲရုံနယ်မြေများအလိုက် ဒေသခံပြည်သူများ၏ လိုအပ်ချက်အခြေအနေများအား ဆွေးနွေးပြောကြားပါတယ်။
ထို့နောက် ဒုတိယဥက္ကဋ္ဌသည် တက်ရောက်လာကြသူများမှ သိလိုသည့် မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ဖြည့်စွက်ခဲ့ကြောင်းသိရပါတယ်။
#Myanmagon