ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ဘူတာကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေး
မြန်မာ့ဂုဏ် ဒီဇင်ဘာ – ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံ ရေး နှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ နံနက်ပိုင်းတွင် ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် တာဝန်ရှိသူများ လိုက်ပါ၍ နေပြည်တော်ဘူတာကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးပါတယ်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသပါတယ်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌသည် နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာမည့် ဒီဇယ်လျှပ်စစ်သုံး (DEMU)အစုန်ရထား ဘူတာရုံ၌ ဆိုက်ကပ်ထားရှိမှုနှင့် ဘူတာရုံအတွင်း လှည့်လည်ကြည့် ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် ဘူတာရုံအတွင်းရှိ လူသွားစင်္ကြံ အား အဆင့်မြှင့်တင်ဆောင်ရွက်သွားရန်လိုအပ်မှုနှင့် ရထားဘူတာရုံအတွင်း သန့်ရှင်း သာယာလှပမှုရှိစေရေးနှင့် မျက်စိပသာဒဖြစ်စေရေး၊ ရထားဝန်ထမ်းများနှင့် ခရီးသည်များ ၏ သွားလာနေထိုင်မှုများ စည်းကမ်းစနစ်တကျဖြစ်စေရေး၊ ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေးနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားပါတယ်။
ယင်းနောက်နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌသည် ပုဗ္ဗသီရိမြို့နယ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်၍ သန့် ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှု၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှုတို့ ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
Myanmagon(SN)




