


















မြန်မာ့ဂုဏ် ဒီဇင်ဘာ ၃၁
ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ၊ပေါက်ခေါင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးမျိုးဇော်သိမ်းသည်ပေါက်ခေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းထူးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးမြင့်သူ၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဒေါ်ခင်ရွှေမြင့်တို့နှင့်အတူဒီဇင်ဘာ(၃၁)ရက်နေ့ နံနက်ပိုင်းနှင့်နေ့လည်ပိုင်း၌ပဲခူတိုင်းဒေသကြီး(အနောက်)၊ပေါက်ခေါင်းမြို့နယ်ပါတီရုံး၌ မဲရုံကိုယ်စားလှယ်များ၊အကူကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံရာတွင်ပါတီဒုတိယဥက္ကဋ္ဌမှမဲရုံကိုယ်စားလှယ်များနှင့်အကူကိုယ်စားလှယ်များမဲပေးသည့်နေ့တွင်မဲရုံတွင်လုပ်ရမည့်လုပ်ငန်းစဥ်များ၊မဲပေးစဥ်ဆောင်ရွက်၊မဲရေတွက်ခြင်းပြုလုပ်ရာတွင်လုပ်ဆောင်ရမည့်လုပ်ဆောင်ရမည့်လုပ်ငန်းစဥ်များ၊ကိုယ်စားလှယ်များလုပ်ဆောင်ရမည့်လုပ်ငန်းစဥ်များအား တက်ရောက်လာသော မဲရုံကိုယ်စားလှယ်များနှင့်အကူကိုယ်စားလှယ်များ၏တင်ပြချက်များအပေါ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။
#Myanmagon(SN)
#Photo(WaiLinn)