မုံရွာမြို့ ဆုတောင်းပြည့် စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း ရေစက်ချအလှူနှင့် ဗုဒ္ဓါဘိသေကအနေ ကဇာတင်မင်္ဂလာကျင်းပ
မြန်မာ့ဂုဏ် ဇန်နဝါရီ ၃၀
စစ်ကိုင်တိုင်းဒေသကြီး ၊ မုံရွာမြို့ ၊ဘုရားကြီးရပ်ကွက်ရှိ ဆုဘတောင်းပြည့် မြတ်စွာဘုရားကြီး ဗုဒ္ဓါဘိသေက အနေက ဇာတင် မင်္ဂလာကို ဇန်နဝါရီလ(၂၉)ရက် ၊နံနက်(၇)နာရီက ဘု ရားကြီး အာရုံခံလှိုဏ်ဂူအတွင်းကျင်းပခဲ့ပါတယ်။
ဗုဒ္ဓါဘိသေက အနေကဇာကို ဆုတောင်းပြည့်ဘုရားကြီးသြဝါဒါစရိယဆရာတော်ကြီး (၉)ပါးကတင်တော်မူကြခြင်းဖြစ်ပြီး ဆုတောင်းပြည့်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း ရွှေပြည့်အောင်ပွဲရေစက်ချအလှူကို ဘော ဂရံသီ ဝိပဿနာဓမ္မာရုံအတွင်း ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ကြပြီး မုံရွာမြို့၊ ဘုရားကြီးရပ်၊ မဟာဝိဇ္ဇာ သိပ္ပံကျောင်းတိုက်ဦးစီးပဓာနနာယက ဆရာတော်ကြီးထံမှ ပရိသတ်များက (၉)ပါးသီလခံယူဆောက်တည်ကြပါတယ်။
ထို့နောက် ဆရာတော်ကြီး (၉)ပါးတို့ ရွတ်ပွားသော ပရိတ်တ ရားတော်များကို နာယူကြည်ညိုကြပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အဖွဲ့က ဆရာတေ ာ်ကြီးများအား သင်္ကန်းနှင့် လှူဖွယ်များဆက်ကပ်ကြပါတယ်။
ထို့နောက်ဆုတောင်းပြည့်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဌေးက ဆုတောင်းပြည့်စေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းဆ က်ကပ်လှူဒါန်းပြီးစီးမှု အဆင့်ဆင့်ကို သြဝါဒါစရိယ ဆရာ တော်ကြီးများထံ တင်ပြလျောက်ထားခဲ့ပါတယ်။
ဆုတောင်းပြည့်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှုနိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှစီစဥ်မှုဖြင့် ကျပ်သိန်းတစ်သောင်း တစ်ထောင်ခြောက်ရာကျော်ရရှိပြီး ဂေါပကအဖွဲ့မှ ကျပ်သိန်းတစ်ထောင့်ရှစ်ရာကျော် အလှူ ခံရငွေဖြင့် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းကို အောင် မြင်အောင်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
Myanmagon(SN)









