
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်ကို အခြေခံပြီး သံတမန်ရေးကြိုးပမ်းမှုသည်သာ ပဋိပက္ခကိုဖြေရှင်းနိုင်မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အလယ်ပိုင်းဒေသတွင်းဆိုင်ရာနှင့်ပတ်သက်၍ ယနေ့ မတ် ၆ ရက်ကထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်၌ရေးသားထားခြင်းဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသတွင် လတ်တလောဖြစ်ပေါ်လျက်ရှိသည့် တိုက်ခိုက်မှုများအတွက် မြန်မာနိုင်ငံမှ လွန်စွာစိုးရိမ်ပူပန်လျက်ရှိသည်ဟု ရေးသားထားပါတယ်။
ထို့ပြင် ကမ္ဘာ့နိုင်ငံများအနေဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်ကိုအခြေခံပြီး အပြုသဘောဆောင်သည့်ဆွေးနွေးမှုနှင့် သံတမန်ရေးကြိုးပမ်းမှုတို့သည်သာ ပဋိပက္ခကိုဖြေရှင်းနိုင်မည်ကိုယုံကြည်သည်ဟုလည်း ရေးသားထားပါတယ်။
ထို့ကြောင့် အရှေ့အလယ်ပိုင်းပဋိပက္ခနှင့် တိုက်ခိုက်မှုများတွင်ပါဝင်နေသည့် နိုင်ငံများအနေဖြင့် နိုင်ငံတိုင်း ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အပြန်အလှန်လေးစားလိုက်နာရန်လိုအပ်ပြီး ပဋိပက္ခနှင့် တိုက်ခိုက်မှုများကိုလျှော့ချကာ ငြိမ်းချမ်းစွာညှိနှိုင်းဆွေးနွေးအဖြေရှာရန်တိုက်တွန်းသည်ဟုလည်း ရေးသားထားထုတ်ပြန်ထားပါတယ်။
#Myanmagon