








ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့က (၈၁)နှစ် မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂုဏ်ပြုညစာစားပွဲကျင်းပ
မြန်မာ့ဂုဏ် မတ် ၂၆
မနက်ဖြန် မတ် ၂၇ ရက်တွင်ကျရောက်မည့် (၈၁)နှစ် မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့မှ ယနေ့ မတ် ၂၆ ရက်ညပိုင်းက ဂုဏ်ပြုညစာစားပွဲကျင်းပခဲ့ပါတယ်။
ဂုဏ်ပြုညစာစားပွဲစတင်ကျင်းပချိန်တွင် (၈၁)နှစ် မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသည့် အထိမ်း အမှတ်အဖြစ် တပ်မတော်နေ့စစ်ရေးပြကွင်းနှင့် ဘုရင့်နောင်ရိပ်သာတို့မှ မီးရှူးမီးပန်းများပစ်ဖောက်ခဲ့ကြပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး တက်ရောက် လာကြသူများက ဂုဏ်ပြုညစာသုံးဆောင်ခဲ့ကြပါတယ်။
ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မြဝတီတေးဂီတအဖွဲ့မှ စစ်သည်၊ စစ်သမီးများ၊ ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အဆိုရှင်များက ဂုဏ်ပြုတေးသီချင်းများသီဆိုဖျော်ဖြေခဲ့ကြကာ ဂုဏ်ပြုညစာစားပွဲအပြီးတွင် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီးတို့က တက်ရောက် လာကြသူများအားနှုတ်ဆက်ပြီး အခမ်းအနားအောင် မြင်ခြင်းအထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများပစ်ဖောက်မှုကိုကြည့်ရှုအားပေးခဲ့ကြပါတယ်။
ထို့နောက် ဇေယျာသီရိဗိမာန်သဘင်ဆောင်တွင် မြဝတီတေးဂီတအဖွဲ့မှ တပ်ဖွဲ့ဝင်စစ်သည်၊ စစ်သမီးများကသံ စုံတီးဝိုင်းဖြင့်တွဲဖက်၍ အဆို၊ အကများ၊ ယိမ်းအကများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေတင်ဆက်ရာ ဒု-ဗိုလ် ချုပ်မှူးကြီးစိုးဝင်းနှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးပြီး စစ်သည်၊ စစ်သမီးများအား အ မှတ်တရဂုဏ်ပြုပန်းခြင်းပေးအပ်ကာ တက်ရောက်လာကြသူများအားနှုတ်ဆက်ခဲ့ပါတယ်။
(၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်း အဝင်လမ်းမကြီးတစ်လျှောက်တွင် တပ်မတော် ရေယာဉ်များ၊ လေ ယာဉ်၊ ရဟတ်ယာဉ်များ၊ ယာဉ်ယန္တရားများ၏ ပုံသဏ္ဍန်များ၊ ပထမ၊ ဒုတိယနှင့် တတိယ မြန်မာနိုင်ငံတော်တို့ကိုတည်ထောင်ခဲ့ကြသော မင်းသုံးပါးရုပ်တုများကို မီးအလှအပများဖြင့် လှပစွာဂုဏ်ပြုပုံဖော်ထွန်းညှိထားပါတယ်။
#Myanmagon