
ဩဂုတ် ၂၅
ဗီယက်နမ်နိုင်ငံတွင် ဩဂုတ် ၆ ရက်မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ည ၇ နာရီတွင် ရန်ကုန်မြို့ Novotel Hotel Max ရှိ ပြည်ခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ချုပ်အမှုဆောင်များ၊ ကလပ်အသင်းပိုင်ရှင်များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဆုရအားကစားသမားများ တက်ရောက်ခဲ့ကြသည်။