






















အကြမ်းဖက် သောင်းကျန်းသူများထံကို ရောက်ရှိခဲ့တဲ့PDF ၅၀၀ ကျော် အလင်း၀င်
မြန်မာ့ဂုဏ် မတ်လ ၁၉
မန္တလေးတိုင်းဒေသကြီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ အကြမ်းဖက်သောင်းကျန်းသူများထံမှအလင်းဝင်ရောက်လာကြတဲ့ PDF အဖွဲ့များကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က ရင်းရင်းနှီးနှီး ကြိုဆိုခဲ့ပါတယ်။
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်းကို ရောက်ရှိခဲ့တဲ့ PDF အဖွဲ့ဝင်အမျိုးသား(၄၅၃)ဦး၊အမျိုးသမီး(၅၃)ဦး စုစုပေါင်း ၅၀၆ ဦးဟာ လက်နက် ခဲယမ်း အပြည့်အစုံနဲ့ နိုင်ငံတော်အစိုးရထံ အလင်းဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
အလင်း၀င်လူငယ်အချို့မှာ အသက် ၁၈နှစ်မပြည့်သေးသည့် ကလေးအရွယ်များပါ၀င်ပြီး တာဝန်ရှိသူများက မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့သည်။
လက်ရှိအချိန်အထိ နိုင်ငံတာ်အစိုးရထံသို့လက်နက်စွန့် အမြင်မှန်ရ အလင်း၀င်ရောက်လာသူ ကျား (၁၉၁၆)ဦး မ (၂၇၀)ဦး စုစုပေါင်း (၂၁၈၆)ဦးရှိ ကြောင်းနှင့် ထပ်မံ၍ အလင်း၀င်ရောက်ရန်ကျန်ရှိ နေကြောင်းသိရပါတယ်။