မြန်မာ့ဂုဏ် အောက်တိုဘာ ၂
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) ၏ အမျိုးသားအဆင့်အသင်းအဖွဲ့ ဖွံ့ဖြိုးမှုနှင့် ညှိနှိုင်းမှုဆိုင်ရာ Under-Secretary-General Mr. Milton Xavier Castellanos Mosquera အား ယမန်နေ့ ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံပါတယ်။
တွေ့ဆုံစဉ် IFRC ၏ Under-Secretary-General က မန္တလေးငလျင်ကြီးအပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် IFRC နှင့် MRCS တို့ ပူးပေါင်း၍ အကူအညီပေးအပ်နေသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် ဆွေးနွေးပြောကြားခဲ့ပါတယ်။
အစည်းအဝေးသို့ IFRC ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Nadia Khoury ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
#Myanmagon
