









မြန်မာ့ဂုဏ် အောက်တိုဘာ ၄
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မည့် အဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကျင်းပပေးခြင်းသည် လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြသော အနုသုခုမ ပညာရှင်ကြီးများ၏ ထိန်းကျောင်းတည့်မတ်ပေးမှုဖြင့် မျိုးဆက်သစ် ရွက်ပုန်းသီး အနုပညာရှင်များကို ဖော်ထုတ်မြှင့်တင်ပေး နိုင်ရန် အလေးအနက်ထား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ယနေ့ပေးအပ်မည့် အောင်နိုင်ရေးအလံသည် ပဲခူးတိုင်း ဒေသကြီးအတွက် ရွှေတံဆိပ်ဆု များရရှိနိုင်ရန်နှင့် ယခင်နှစ်များထက် ပိုမိုမြင့်မားသော အောင်မြင်မှုများ ရရှိစေရန် တာဝန်ပေးလိုက်သည့် အမှတ်အသားတစ်ခုဖြစ်ကာ ပြိုင်ပွဲဝင်များအားလုံး သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာရန်၊ အချင်းချင်းရိုင်းပင်းကူညီကြရန် တိုင်းဒေသကြီးရဲ့ ဂုဏ်ကို ဆောင်နိုင်အောင် ရွှေတံဆပ်ဆုများ စွာရရှိနိုင်ရေး အစွမ်းကုန် အားသွန်ကြိုးပမ်း ယှဉ်ပြိုင်သွားကြစေလိုကြောင်း ပြောကြားခဲ့ပါတယ်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေးဝင်းက ပြိုင်ပွဲဝင်များအတွက် ချီးမြှင့် ငွေနှင့် ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြုအဖွဲ့အား အောင်နိုင်ရေးအလံ ပေးအပ်ခဲ့ပါတယ်။
ယင်းနောက် တိုင်းဒေသကြီး(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌက ဗဟိုအဆင့်ယှဉ်ပြိုင်ရမည့် အခြေအနေနှင့် စခန်းသွင်းလေ့ကျင့် ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး တို့က ဧည့်ခံဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပါတယ်။
#Myanmagon