









မြန်မာ့ဂုဏ် အောက်တိုဘာ ၉
ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ အောက်တိုဘာလ(၉)ရက်နေ့၊ နံနက်ပိုင်းက ပြည်ပပို့ကုန် သီးနှံ ထုတ်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်းကင်စင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးနည်းပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ပါတယ်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စားရေရိက္ခာဖူလုံရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် အဓိကကျသည့် အခန်းကဏ္ဍတစ်ခုဖြစ် ကြောင်း၊ စိုက်ပျိုးရေး ထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်တွင်းစားသုံးသူများ အစားအစာဘေးကင်းလုံခြုံမှုရှိရေးသည် အရေးကြီးကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်သလို တစ်ဘက်မှာလည်း စာသုံးသူများအတွက် အန္တရာယ်ဖြစ်စေ နိုင်သည့် သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု ဒွန်တွဲတွေ့ရှိလာရသည့်အတွက် ပိုးသတ်ဆေး ဓာတ်ကြွင်း လျော့ကျကင်းစင်စေရေး အထူးအလေးထား ဆောင်ရွက်သွားရမှာဖြစ်ကြောင်းမှာကြားပါတယ်။
ပဲခူးတိုင်း ဒေသကြီးသည် သီးနှံမျိုးစုံစိုက်ပြီး စပါးနှင့်ပဲသည် ဒုတိယအများ ဆုံးစိုက်ပျိုးကာ ပြည်ပသို့အများဆုံး တင်ပို့နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်း ကင်စင်ရေး အားလုံးပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်းနှင့် စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ် တင်ပို့ရာတွင် ကမ္ဘာ့ဈေးကွက်၌ ဂုဏ်ယူဝင့်ကြွားစွာ ယှဉ်ပြိုင်ရောင်းနိုင်ရေး ကြိုးစားဆောင်ရွက် သွားကြစေ လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါတယ်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပိုးသတ်ဆေးသုံးစွဲခြင်းနှင့် ပတ်သက်၍ တောင်သူ အသိပညာပေး စာစောင်များအား လှည်လည်ကြည့်ရှုခဲ့ပြီး တက်ရောက်လာသည့် ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပါတယ်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် လူစည်ကားရာဈေးများ၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲပေး စက်ဖြင့် ဆန္ဒမဲပေးမှုသရုပ်ပြသခြင်း၊ ပထမအကြိမ် မဲစာရင်းထုတ်ပြန်ထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှု အားပေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။
#Myanmagon