
မြန်မာ့ဂုဏ် အောက်တိုဘာ ၁၀
(၁၅၁)နှစ်မြောက် ကမ္ဘာ့စာပို့တိုက် နေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများ၊ ဧည့်သည်တော်များ၊ ဆုရလူငယ်များတက်ရောက်ကြပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ယခုနှစ် အခမ်းအနားအတွက် ဆောင်ပုဒ်ကို # POSTFORPEOPLE: Local Service. Global Reach. (ပြည်သူ များအတွက်စာပို့တိုက် – ပြည် တွင်းဝန်ဆောင်မှုမှသည်ကမ္ဘာတစ်ဝန်းဆီ) ဟု ယူပီယူမှ ရွေးချယ်သတ်မှတ်ထားခြင်း ဖြစ်ကြောင်း၊ အဆိုပါဆောင်ပုဒ်သည် ပြည်သူ လူထုအတွက် မြို့ပြမှ ကျေးလက် တောရွာမကျန် စာပို့တိုက် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်းမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ် ချိတ်ဆက်မှုအတွက် စာပို့တိုက် ဝန်ဆောင်မှုကဏ္ဍသည် အဓိကအခန်းကဏ္ဍမှပါဝင် ထမ်းဆောင် နေသည်ကို ဖော်ပြထားခြင်းဖြစ်ကြောင်း၊ ပြည်သူများအပါအဝင် နိုင်ငံတော်နှင့် ကမ္ဘာ တစ်ဝန်းလုံးအတွက် ဆက်လက်လုပ်ဆောင်သင့်သည့် မျှော်မှန်းလမ်းညွှန်ချက်တစ်ခုလည်း ဖြစ် ကြောင်း။
ယခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့၏ ဆောင်ပုဒ်သည် မြန်မာ့စာတိုက် လုပ်ငန်း၏ ရည်မှန်းချက် ဖြစ်သည့် “လူတိုင်းအတွက် မြန်မာ့စာတိုက် (Myanmar Post for Everyone)” နှင့် ကိုက်ညီလျက်ရှိနေကြောင်း၊ ယူပီယူ၏ State of the Postal Sector 2024 အစီရင်ခံစာတွင် စာပို့တိုက်လုပ်ငန်းများအနေဖြင့် သမားရိုးကျစာပို့တိုက်ဝန်ဆောင်မှုများအပေါ်တွင်သာ မှီခိုအားထား နေခြင်းမပြုဘဲ ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြုဆောင်ရွက်၍ ခေတ်နှင့် လျော်ညီအောင် ပြုပြင်ပြောင်းလဲပြီး နိုင်ငံတကာ ဈေးကွက်သို့ အောင်မြင်စွာ ချိတ်ဆက်နိုင်မှသာ အနာဂတ်တွင် ကြံ့ကြံ့ခံနိုင်ပြီး ပြန်လည်ရှင်သန် ဦးမော့လာနိုင်မည်ဖြစ်ကြောင်းနှင့် မကြာသေးမီက ကျင်းပခဲ့သည့် (၂၈)ကြိမ်မြောက် ကမ္ဘာ့စာပို့ တိုက်သမဂ္ဂ(ယူပီယူ) ကွန်ဂရက် မှ ချမှတ်ဆောင်ရွက်ခဲ့သည့် Development Strategy များ၊ သဘောတူညီချက်များနှင့် နိုင်ငံ တကာမှ စာပို့တိုက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာတိုးတက်မှုများကို စာပို့တိုက် ကဏ္ဍကြီးကြပ် ဆောင်ရွက်သူ၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် စာပို့တိုက် ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူ၊ မြန်မာ့စာတိုက်လုပ်ငန်းတို့မှ မျက်ခြည်မပြတ် လေ့လာစောင့်ကြည့်၍ မိမိတို့နိုင်ငံ၏ စာပို့တိုက်ကဏ္ဍ ပြန်လည်ဦးမော့လာနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြ ရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားပါတယ်။
ထို့နောက် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ ဌာနချုပ် (UPU) ညွှန်ကြားရေးမှူး ချုပ်ထံမှ ပေးပို့လာသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့သဝဏ် လွှာ Video Clip နှင့် ကမ္ဘာ့စာပို့ တိုက်နေ့အထိမ်းအမှတ် မှတ်တမ်း Video Clip များကို ပြသခဲ့ပါတယ်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် (၅၄)ကြိမ် မြောက် အသက် (၁၅) နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ (ပြည်တွင်း အဆင့်)၌ ပထမဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီးမြိတ် မြို့နယ်မှ မဝင်းလဲ့ရွှေရည်၊ ဒုတိယ ဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်မှ မနှင်း အိရွှေရည်၊ တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီး စေတုတ္တရာ မြို့နယ်မှ မောင်ဇော်သူရနှင့် အထူးဆုရရှိသည့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှ မမိုးပြည့်စုံကြွယ်တို့အား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ပါတယ်။
#Myanmagon