
မြန်မာ့ဂုဏ် အောက်တိုဘာ ၁၆
နေပြည်တော်၌ အောက်တိုဘာ ၁၅ ရက်နေ့နံနက်ပိုင်းကကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်လာသော DKBA ဗိုလ်မှူးချုပ်စောဆန်းအောင်က “ကရင်ပြည်နယ်ကတော့ စစ်ရေး အပစ်အခက်တွေဖြစ်နေတဲ့ကြားထဲမှာပဲ အာရှလမ်းအနေအထားက မကြာခင်ပွင့်တော့မဲ့အနေအထားဖြစ်ပါတယ်”
ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ဘို့ ၎င်းတို့အနေဖြင့်အခက်အခဲမရှိကြောင်း၊ဘယ်သူကမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲမတက်ရောက်ဘို့၊မသွားဘို့ ပြောတဲ့သူမရှိကြောင်း၊
ကျွန်တော်တို့ ဒီလိုဆွေးနွေးပွဲတွေကိုတရားဝင်ကန့်ကွက်တယ်ဆိုတာမရှိကြောင်း၊NCA ဟာ တိုင်းသိပြည်သိလုပ်ထားတဲ့အရာမို့ ပါးစပ်နဲ့ဖျက်ရမှာမလွယ်သလို နိုင်ငံတကာဆက်ဆံရေးတွေလည်းပါတယ်။NCA ပျက်ပြီလို့ပြောတာ ပါးစပ်နဲ့ဖျက်လို့ပြောရတာလွယ်သလောက် လက်မှတ်ထိုးထားတဲ့လူတွေ၊နိုင်ငံတကာအသိသက်သေပါတဲ့ကိစ္စမျိုးတွေကြတော့ မလွယ်ဘူးလေ..ဒီအတ်ိုင်းပဲ ဆက်သွားမှာပါ လို့ပြောကြားပါတယ်။
#Myanmagon