
မြန်မာ့ဂုဏ် ၊ ဩဂုတ် ၂၇
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဇေယျာသီရိမြို့နယ်၊ ပုဗ္ပသီရိမြို့နယ် နဲ့ ပျဉ်းမနားမြို့နယ်တို့ကို ဖြတ်သန်းစီးဆင်းလာတဲ့ ဆင်သေချောင်းရေစီးဆင်းနေမှုမြင်ကွင်းဖြစ်ပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နေပြည်တော်ကောင်စီအတွင်းရှိ နေရာအချို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်လျက်ရှိကာ တပ်ကုန်းမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအချို့မှာ တောင်ကျရေများဝင်ရောက်လျက်ရှိကာ လူနေအိမ်များပြောင်းရွေ့မှုတွေပြုလုပ်နေရပါတယ်။

ပြီးခဲ့တဲ့နှစ်မိုးရာသီက နေပြည်တော်မှာရေကြီးမှုမှာ ဆင်သေချောင်းဘေးဝဲယာရှိ လူနေအိမ်အဆောက်အဦးများစွာ ဆုံးရှုံးခဲ့ရပြီး လူ့အသက်များစွာဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။










#MyanmaGon