



မြန်မာ့ဂုဏ် အောက်တိုဘာလ ၁၈
တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ထား သည့် မြို့နယ်၊ ကျေးရွာ၊ ဒေသအချို့တို့၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation)များကို ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ထားခဲ့သည့် သီပေါမြို့အား အောက်တိုဘာ ၁၇ ရက်တွင် တပ်မတော် က အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
သီပေါမြို့နယ်တစ်ဝိုက်အား အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်း ချုပ်ထားစဉ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် အိုးအိမ်တိုက်တာ စည်းစိမ် များကို စွန့်ခွာတိမ်းရှောင်နေကြရပြီး ၎င်းတို့၏ လူ့အခွင့်အရေးဆုံးရှုံးမှုများ၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် အဖက်ဖက်မှ နိမ့်ကျမှုများ၊ တိုက်ပွဲ၏ အနိဋ္ဌာရုံများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရမှုများကြောင့် တပ်မတော်က သီပေါဒေသ တစ်ဝိုက် အား အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ ဝမ်းမြောက်စွာ ကြိုဆို လက်ခံကြပြီး ယာယီနေရပ်စွန့်ခွာနေရပ်ထိုင်ခဲ့ရသည့် ဒေသခံတိုင်းရင်းသား ပြည်သူ အချို့မှာလည်း ၎င်းတို့၏နေရပ်ဒေသများသို့ အားခြင်းပြန်လည်ဝင်ရောက်လျက်ရှိကြ ကြောင်း သိရပါတယ်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် သီပေါမြို့နယ်နှင့် ပတ်ဝန်းကျင်တစ် ဝိုက်ရှိ ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းပျော်ရွှင်စွာ လူမှုစီးပွားဘဝအတွက် ရှာဖွေလုပ်ကိုင်စားသောက်နိုင်ရေးနှင့် အစိုးရအုပ်ချုပ်မှုယန္တရား များ ပြန်လည်လည်ပတ်နိုင်ရေး၊ ၎င်းတို့၏မြို့/ရွာများရှိ နေအိမ်များတွင် ပြန်လည် နေထိုင်နိုင်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားစဉ် ယုတ်မာ ရိုင်းစိုင်းစွာ၊ အသိတရားကင်းမဲ့စွာဖြင့် မီးရှို့ဖျက်ဆီးခဲ့သည့် ရုံး/ဌာန အဆောက်အအုံများ၊ လူနေအဆောက်အအုံများ၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများအား ပြန်လည်ပြုပြင်နိုင်ရေးနှင့် အကြမ်းဖက်သမားများ ရက်စက် ယုတ်မာစွာလုပ်ဆောင်ခဲ့သည့် မြေမြုပ်မိုင်းအန္တရာယ်မှ ကင်းရှင်းစေရန် မြို့/ရွာများ အတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
#Myanmagon