







မြန်မာ့ဂုဏ် အောက်တိုဘာ ၁၉
လက်ရှိအချိန်တွင် နိုင်ငံတစ်ဝန်းထိုက်သင့်သလောက်တည်ငြိမ်အေးချမ်းနေပြီဖြစ်၍ တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းစေရေးအတွက် တပ်မတော်မှဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ အောက်တိုဘာ ၁၉ ရက်နံနက်ပိုင်းက ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများအားတွေ့ဆုံ အမှာစကားပြောရာ၌ အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
နိုင်ငံတော်ကိုကာကွယ်နိုင်ရေးအတွက် စွမ်းရည်၊ စွမ်းအားရှိသည့်တပ်မတော်ဖြစ်ရန်၊ ပြည်သူများမှ အပြည့်အဝယုံကြည်ကိုးစားသည့်တပ်မတော်ဖြစ်ရန်၊ တပ်မတော်သည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင်လျှောက်လှမ်းနေခြင်းဖြစ်၍ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေခြင်းတို့ကိုပါပြောကြားခဲ့ပါတယ်။
#Myanmagon