



မြန်မာ့ဂုဏ် အောက်တိုဘာ၂၄(မှုခင်း)
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် အများသုံးရေတွင်းထဲသို့ အမျိုးသမီးကြီး(၁)ဦးပြုတ်ကျသေဆုံးခဲ့မှု ယနေ့ အောက်တိုဘာ ၂၄ ရက်နေ့လည် ၁ နာရီခွဲကျော်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရပါတယ်။
ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၂၀)၊ နောင်ခမ်းကြီးတောင်စုရပ်ကွက်ရှိ အများသုံးရေတွင်းထဲသို့ အမျိုးသမီးကြီး(၁)ဦးပြုတ်ကျခဲ့သဖြင့် ပြင်ဦးလွင်မြို့နယ်မီး သတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်း ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြတယ်လို့ပြောပါတယ်။
ထို့ကြောင့် ရေတွင်းထဲပြုတ်ကျခဲ့သည့် အမျိုးသမီးကြီးအားသေဆုံးလျက်ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီးနောက်ရုပ်အလောင်းအား သန္တီသုခလူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်ပြည်သူ့ဆေး ရုံကြီးသို့ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။
#Myanmagon