

မြန်မာ့ဂုဏ် အောက်တိုဘာ ၂၆
အောက်တိုဘာ ၂၅ ရက် ညပိုင်းမှာEastern Yangon Event Park တွင် ပြုလုပ်ခဲ့တဲ့ IDIOTS တီးဝိုင်းရဲ့ နှုတ်ဆက်ဖျော်ဖြေပွဲ မှာ Fever 109 ဂီတအဖွဲ့က တေးသံရှင် အဒီနို ဟာ သီဆိုဖျော်ဖြေရင်း စင်ပေါ်မှာ ရုတ်တရက် လဲကျခဲ့ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
“မငိုနဲ့တော့” သီချင်းကို သီဆို ဖျော်ဖြေနေရင်း ရုတ်တရက် လဲကျခဲ့ပြီး ကွယ်လွန်သွားခဲ့တာလို့လည်း သိရပါတယ်။
အဆိုရှင် အဒီနို ဟာ သူ့ရဲ့ နှလုံးကျန်းမာရေးမကောင်းတဲ့ကြားက Idiots နှုတ်ဆက်ပွဲကို လာရောက် ဖျော်ဖြေတာဖြစ်ပြီး သူက နှလုံးသွေးကြောပိတ်ရောဂါကို ကုသထားရပြီး နှလုံးမှာ Heart Stamp ထည့်ထားရသူလည်း ဖြစ်တယ်လို့သိရပါတယ်။
အသက်(၃၇)နှစ်သာ
အဒီနိုရဲ့ Fever 109 Band ဟာ ၂၀၀၅ ခုနှစ်ဝန်းကျင်က စတင်ပေါ်ပေါက်ခဲ့ပြီးဂီတသက်တမ်း ၁၉ နှစ်ရှိပြီဖြစ်ကြောင်းသိရပါတယ်။
#Myanmagon