
မြန်မာ့ဂုဏ် အောက်တိုဘာ ၃၀
၂၀၂၅ ခုနှစ် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့ညနေပိုင်းက တောင်ကြီးမြို့ အဝေရာမီးပုံး ပျံကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး နှင့် တာဝန်ရှိသူများက စူဠာမုနိလောကချမ်းသာ ဘုရားအား ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ်ပူဇော်ကြပြီး စိန်နားပန်မီးပုံးပျံ တစ်လုံး လွှတ်တင်ပူဇော်ပေးပါတယ်။
ဆက်လက်၍ ၂၀၂၅ ခုနှစ် တောင်ကြီးတန်ဆောင် တိုင်ပွဲတော်ကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ တိုင်းမှူးဗိုလ်ချုပ် ကျော်နိုင်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါတယ်။
ထို့နောက် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် က တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ရှစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း မြို့လုံးကျွတ် ဘုံကထိန်ပဒေသာပင် လှည့်လည်ပွဲ၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ၊ မီးပဒေသာပင်လှည့်လည်ပူဇော်ပွဲ၊ နေ့လွှတ်မီးပုံးပျံ ၂၅၈ လုံး၊ ညလွှတ် မီးပုံးပျံညမီးကြီး ၄၃ လုံး၊ စိန်နားပန်မီးပုံးပျံ ၃၇လုံးဖြင့် မီးပုံးပျံပြိုင်ပွဲများ ကို ကျင်းပပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။
#Myanmagon