






မြန်မာ့ဂုဏ် ၊ စက်တင်ဘာ ၂
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲတံတား ပြုပြင်ရေးအဖွဲအား KNU/PDF အကြမ်းဖက်များက Suicide Drone ၂ စင်းဖြင့် စက်တင်ဘာလ ၁ရက်နေ့ နေ့လည်ပိုင်းက တိုက်ခိုက်ခဲ့လို့ တံတားပြုပြင်ရေးအဖွဲ့မှ အမျိုးသား ၁ ဦးသေဆုံးကာ၊ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့တံတားကို KNU/PDF အကြမ်းဖက်များက ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁၅ရက်နေ့က မိုင်းထောင်ဖောက်ခွဲခဲ့တာဖြစ်ပြီး နိုင်ငံတော်မှ ဒေသခံများ လမ်းပန်းဆက်သွယ်ရေးနဲ့ကုန်စည်စီးဆင်းမှု အဆင်ပြေချော့မွေ့စေရေးကို ရည်ရွယ်ကာ တံတားပြုပြင်ရေးကိုဆောင်ရွက်နေစဉ် KNU/PDF အကြမ်းဖက်များက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
KNU/PDF အကြမ်းဖက်များက တံတားပြုပြင်နေသည့်နေရာ၏ အနောက်မြောက်ဘက် မီတာ ၃၆၀၀အကွာရှိ ပျားပင်ကျေးရွာနဲ့ တံတားပြုပြင်နေတဲ့နေရာရဲ့ တောင်ဘက်မီတာ ၃၇၀၀မှာရှိတဲ့ မြို့ဟောင်းကျေးရွာတို့ကနေ Suicide Drone ၂စင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဖြစ်စဉ်နဲ့ပက်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ကာ ထိခိုက်ဒဏ်ရာရရှိသူများကို ကော့ကရိတ်မြို့မှာရှိတဲ့ နယ်မြေခံတပ်ဆေးရုံကို ပို့ဆောင်ကာ ဆေးကုသမှုရှိနိုင်ဖို့ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
#MyanmaGon #KNU #PDF