မြန်မာ့ဂုဏ်၊ စက်တင်ဘာ ၉
နှစ်နိုင်ငံအကျိုးအတွက် ထိုင်းဝန်ကြီးချုပ်သစ်နဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ ထိုင်းနိုင်ငံမှာ တရားမဝင် တိမ်းရှောင်နေရတဲ့ အကြမ်းဖက် NUG အဖွဲ့ကပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက် NUG အဖွဲ့က ၃၂ ယောက်မြောက် ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရကွန်းကို ဂုဏ်ပြုတယ်လို့လည်းဆိုပါတယ်။
နယ်စပ်ဒေသက ကျေးရွာတွေမှာ ပြည်သူလူထုကို အကာအကွယ်ရယူနေတဲ့ အကြမ်းဖက် NUG အဖွဲ့က နယ်စပ်လုံခြုံရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအပြင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတိုက်ဖျက်ရေးကို ထိုင်းနိုင်ငံနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
အကြမ်းဖက် NUG အဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံ နယ်စပ်နဲ့ ထိုင်းနိုင်ငံထဲက နေရာအချို့မှာ ထိုင်းရဲဖမ်းဆီးမှာစိုးတာကြောင့် ပုန်းရှောင်နေရတဲ့အပြင် ၎င်းတို့အနေနဲ့ ထိုင်းအစိုးရကို မကြာခဏ အွန်လိုင်းထုတ်ပြန်ချက်တွေ စာပို့တောင်းဆိုမှုတွေ ပြုလုပ်ပေမယ့် ထိုင်းအစိုးရဘက်က တစ်စုံတစ်ရာ တရားဝင်ဆက်ဆံတာမျိုး ပြုလုပ်ခဲ့တာမရှိပါဘူး။
(ပြည်ပြေးများ အွန်လိုင်းမှအစည်းအဝေးလုပ်နေပုံ)
