

မြန်မာ့ဂုဏ် ၊ စက်တင်ဘာ ၁၂
လာမယ့်ဒီဇင်ဘာလမှာ စတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အနေနဲ့ ကူညီဆောင်ရွက်သွားမယ်လို့ စက်တင်ဘာလ ၁၁ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။
DKBA ဗဟိုစစ်ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်ဒေသအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်က ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲသည် နိုင်ငံတော်၏ အနာဂတ်ကိုရှေးရှုပြီး ပြုပြင်ပြောင်းလဲရေးအတွက် ပြည့်သူ့ကိုယ်စားလှယ်ရွေးချယ်ခြင်းဖြစ်ပါသဖြင့် အတက်နိုင်ဆုံး ဝန်းရံပံ့ပိုးကူညီသွားမယ်လို့ DKBAရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
DKBA အဖွဲ့အနေ့နဲ့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက အထွေထွေရွေးကောက်ပွဲပြုလုပ်မည့်အခြေအနေကို လက်ခံခြင်းမရှိပဲ ဆုံဆည်မြိုင်ဒေသအတွင်း ရွေးကောက်ပွဲကိုလက်ခံကျင်းပသွားမှာမဟုတ်ကြောင်း မီဒီယာအချို့ကို့ဖြေကြားခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
#MyanmaGon #DKBA