
မြန်မာ့ဂုဏ် ၊ စက်တင်ဘာ ၁၂
ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာအေးမောင်ဟာ လာမယ့်ရွေးကောက်ပွဲမှာ စစ်တွေခရိုင်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်မှာ နိုင်သူအကုန်ယူစနစ်ဖြစ်တဲ့ FPTP စနစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ဒေါက်တာအေးမောင်ကပြောပါတယ်။
လာမယ့်ဒီဇင်ဘာလမှာ စတင်ကျင်းပမယ့်ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး / ပြည်နယ်လွှတ်တော်တွေမှာ နိုင်သူအကုန်ယူစနစ် (FPTP)နဲ့ အချိုးကျကိုယ်စားပြုစနစ် (PR) တို့ကိုရောနှောကျင်းပမှာဖြစ်လို့ ဒေါက်တာအေးမောင်က အမျိုးသားလွှတ်တော်မှာ FPTPစနစ်နဲ့ယှဉ်ပြိုင်မှုမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ရခိုင်ပြည်နယ်မှာ လာမည့်ရွေးကောက်ပွဲ၌ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်စတဲ့ ၃ မြို့နယ်တွင်သာ ရွေးကောက်ပွဲကျင်းပနိုင်မှာဖြစ်ပြီး ကျန်မြို့နယ်များမှာ ရွေးကောက်ပွဲမကျင်းပနိုင်သေးပေ။
ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီအနေဖြင့် လာမယ့် ၂၀၂၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်အားလုံးရှိ လွှတ်တော် (၃) ရပ်စလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ရန်ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်။
ဒေါက်တာအေးမောင်ဟာ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က ရခိုင်ပြည်အတွင်း ဟောပြောပွဲတစ်ခုမှာ ဟောပြောချက်များအရ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရပါတယ်။
အဲနောက် ၂၀၂၁ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပေမဲ့ အဲဒီပြစ်မှုတွေကျခံခဲ့ရတာကြောင့် ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိတဲ့အခြေအနေကို စက်တင်ဘာလ ၁၁ရက်နေ့က နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် ၎င်း၏ပြစ်ဒဏ်များကို ယာယီသမ္မတအမိန့်ဖြင့် ခြွင်းချက်မရှိလွတ်ငြိမ်းခွင့်ပြုကြောင်း အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာတော့ ဒေါက်တာအေးမောင်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် စာရင်တင်းသွင်းကာ ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသွားပြီလည်းဖြစ်ပါတယ်။
#MyanmaGon #FPTP #PR