
မြန်မာ့ဂုဏ် စက်တင်ဘာ ၁၃
လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပဲခူးတိုင်း၌ အပိုင်း(၃)ပိုင်းခွဲပြီးကျင်းပသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရပါတယ်။
အဆိုပါ အစည်းအဝေးအား စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းကကျင်းပရာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတက်ရောက်၍ ရွေးကောက်ပွဲ၌ ပြည်သူများ အေးချမ်းခြုံလုံစွာဆန္ဒမဲပေးနိုင်ရေး၊ ကိုယ်စားလှယ်လောင်းများ၏ လုံခြုံရေးနှင့် မဲရုံလုံခြုံရေးများကို အခြားမိတ်ဖက်အဖွဲအစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောပါတယ်။
#Myanmagon