



















နိုင်ငံတော်အတွက် ပိုကောင်း၊ ပိုခိုင်မာအောင် တည်ဆောက်ဖို့ ဝင်ရောက်အရွေးချယ်ခံခဲ့ကြောင်း ဦးမြထွန်းဦးပြော
မြန်မာ့ဂုဏ်၊ ဒီဇင်ဘာ ၉
“နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်မယ်ဆိုလို့ရှိရင်
နိုင်ငံတော်အတွက် ပိုပြီးကောင်းအောင်၊ ပိုပြီးတော့ခိုင်မာအောင် တည်ဆောက်နိုင်မယ်ဆိုတဲ့ အတွေးနဲ့ပြင်ဦးလွင်မှာ ဝင်ရောက်အရွေးချယ်ခံမယ်ဆိုပြီးတော့ ဆန္ဒပြုခဲ့တာဖြစ်ပါတယ်” လို့ ပြင်ဦးလွင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦးက ပြောပါတယ်။
ဒီဇင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး ၂၁ ၊ မိုးကြိုးကွက်သစ်က မဲဆန္ဒရှင်တွေနဲ့တွေ့ဆုံစဉ်မှာ အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဦးမြထွန်းဦးက “ ပြည်ခိုင်ဖြိုးပါတီက အင်မတန် အင်အားကြီးမားတယ်။ ဒီအင်အားကြီးမားတဲ့ပါတီနဲ့ လက်တွဲပြီးတော့ နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်မယ်ဆိုလို့ရှိရင် နိုင်ငံတော်အတွက် ပိုပြီးတော့ ကောင်းအောင်၊ ပိုပြီးတော့ ခိုင်မာအောင် တည်ဆောက်နိုင်မယ်ဆိုတဲ့ အတွေးအခေါ်တွေ ကျွန်တော် ရခဲ့တယ်” လို့လည်း ဆိုပါတယ်။
ဦးမြထွန်းဦးဟာ ဒီဇင်ဘာလ ၉ ရက်နေ့ကရပ်ကွက်ကြီး ၂၁ မှာကျင်းပခဲ့တဲ့ မဲဆန္ဒရှင်တွေနဲ့တွေ့ဆုံပွဲအပြင် ပြင်ဦးလွင်မြို့နယ်ပါတီရုံးမှာလည်း ပါတီဝင် ၅၀၀ ကျော်နဲ့ ထပ်မံတွေ့ဆုံခဲ့ပါတယ်။